Root ဖောက်ရချင်းရဲ့ကောင်းကျိုး
Root ဖောက်ခြင်းရဲ့ ကောင်းကျိုးများ
*****************************
1- ဖုန်းကို userက အလုံးစုံ ထိန်းချုပ်စီမံခွင့် ရှိသွားပါတယ်။
2- ကိုယ်ကြိုက်နှစ်သက်ရာ Custom Room တွေ
တင်နိုင်ပါတယ်။
( Huawei ဖုန်းကို Samsung ဖုန်းတစ်လုံး လိုသုံးတာမျိုး
EMUI ကို ဖြုတ် MIUI ထည့် ပြီး MI ဖုန်းတစ်လုံးလို
သုံးတာမျိုးတွေ )
3- App တွေ Games တွေက Ads ကြော်ငြာတွေ
မလာအောင် ပိတ်ပစ်နိုင်ပါတယ်။
4- Root access ရမှ အလုပ်လုပ်တဲ့ အကောင်းဆုံး apps တွေကို သုံးနိုင်မယ်
5– Notification Bar, icon, security, lock screen စတဲ့နေရာတွေကို စိတ်ကြိုက် ပြင်ဆင် အလှဆင်နိုင်တယ်
6- ဖုန်းရဲ့ သွက်လက်မှုနဲ့ Battery သက်တမ်း ရှည်အောင် လုပ်နိုင်ပါတယ်
( ဥပမာ – RAM တိုးခြင်း ၊ CPU Governor ချိန်ခြင်း ၊ task ရှင်းခြင်း )
Root ဖောက်ခြင်းရဲ့ ဆိုးကျိုးများ
***************************
1- ပထမဆုံး ကုမ္မဏီရဲ့ အာမခံ ပျက်သွား ပါမယ်။
( Warranty is void )
2- တစ်စုံတစ်ရာ အမှားအယွင်းဖြစ်ခဲ့ ရင် ဖုန်းဟာ လုံးဝ အသုံးပြုလို့
မရတဲ့ အခြေနေ ထိ ရောက်သွားနိုင်ပါတယ်။
( your phone could be completely dead and
not useable anymore )
3- Root လုပ်တာ အပြည့် အဝ မအောင်မြင်
ဖြစ်ခဲ့ရင် ဖုန်းက ဘက်ထရီ အကုန်မြန်လာမယ် ။ ပူလာတာတွေ
စက်လေးခြင်း ဟန်းခြင်း တွေ ဖြစ်လာတတ်ပါတယ်။
Root လုပ်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး တခြားအချက်အလက်
အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်က စဉ်းစားလို့ ရသလောက်
သာ ရေးထားတာပါ။ ဖုန်းတစ်လုံးကို root ဖောက်ပြီး
အသုံးပြုတတ်ဖို့က တော်တန်ရုံ Android OS အကြောင်း
နားလည်ရုံ နဲ့ မဖြစ်ဘူးလို့ မြင်ပါတယ်။ ကိုယ့် ကိုယ် ကိုလည်း
နည်းပညာ ဗဟုသုတ အခြေခံ မပြည့် စုံသေးဘူးလို့ ယူဆထားတဲ့
အတွက် root ဖောက်ပြီး မသုံးရဲသေးပါ ခင်ဗျာ
Crd
Comments
Post a Comment