VPS အသုံးပြုနည်း
"တစ်ချိန်ကကျွန်တော်ပြောခဲ့သောမိမိဖုန်းကိုcomputerအဖြစ်အသုံးပြုနည်း(သို့မဟုတ်) 1နှစ်စာ Free VPSသုံးနည်း
(သို့ မဟုတ်)Virtual Master Card အတုလုပ်နည်း "
=========================================
YF Groupမှာ တစ်ချိန်က ကျွန်တော်ပြောခဲ့ဖူးပါတယ်..
အဲ့တုန်းကလည်းးး ကျွန်တော် စမ်းသပ်တာ တစ်ချို့ လိုနေသေးတာရယ်..တစ်ချို့က အလွယ်ပြောပြရင် ပညာကို တန်ဖိုး မထားတတ်ကြလို့ ပြောမပြခဲ့တာပါ..ခုလည်း အသေးစိတ်မပြောပါဘူးး အကြမ်းမျဉ်း နည်း ချပြပါ့မယ်..
ကျွန်တော်တောင် Guideမရှိပဲ Googleမှာ လေ့လာနိင်သေးတာပဲ..
အကြမ်းမျဉ်း နည်းချပြရင် လိုက်လုပ်နိင်မယ်လို့ ထင်ပါတယ်..
လက်ရှိအင်တာနက်လိုင်းစုတ်ကို ကြားခံ serverအဖြစ်သုံးပြီး
USAတို့လို နိင်ငံကြီးတွေက serverကို ချိတ်ပြီးးး
USA Computer ,USA အင်တာနက်လိုင်းအဖြစ်
လက်ရှိအင်တာနက်လိုင်းထက် အဆမတန် မြန်နှုန်းမြင့်အင်တာနက်ကို သုံးကြတာပေါ့..
တစ်နည်းအားဖြင့်ပြောရရင် Local Server လိုင်းစုတ်ကို ကြားခံအဖြစ်သုံးပြီးးး ပြည်ပက မြန်နှုန်းမြင့် Server (VPS)နဲ့ချိတ်ပြီး သုံးတယ်ပေါ့...
ပြည်ပ (VPS)ကို ချိတ်ပြီး သုံးတာဖြစ်တဲ့အတွက် download ဆွဲ.upload တင် ..
ဘယ်လောက်ပဲ အင်တာနက်သုံးသုံးး
ကုန်ကျငွေအားလုံးကိုပြည်တွင်းဖုန်းoperatorတွေကပိုက်ဆံပေးစရာမလိုပါဘူးးးးးပြည်ပ VPS ရောင်းချတဲ့ နိင်ငံကပဲဝန်ဆောင်မှုပေးသွားတာပါ...
ပြည်တွင်းဖုန်းoperatorကနေ သုံးတဲ့ အင်တာနက်ဖိုးကလည်း သိပ်မကုန်ပါဘူးးး ကြားခံအဖြစ်
အသုံးပြုတဲ့ အင်တာနက်ဖိုးး အနည်းအကျဉ်းသာ ကုန်ကျပါတယ်...
ဥပမာ- 3GB/4GB လောက်ကို uploadတင် /downloadဆွဲလည်း 20MB ဝန်းကျင်လောက်ပဲကုန်မှာပါ.
(1000ksလောက် ကုန်မယ့်နေရာမှာ 100ksလောက်ပဲ ကုန်တယ်ပေါ့ဗျာ)
VPSသုံးတဲ့ နေရာမှာ လည်းကွာပါသေးတယ်..VPSကို အမျိုးမျိုး ရောင်းနေတဲ့ ဆိုဒ်တွေ နိင်ငံတွေအများကြီး ရှိပါတယ်..တစ်ချို့ USA က ဆိုဒ်တစ်ချို့တွေ တရားမဝင် ရောင်းတာတွေရှိပါတယ်.
အဲ့လို VPSကို တရားမဝင် ရောင်းတဲ့ ဆိုဒ်တွေမှာ VPSတစ်လုံးကို ဈေးပေါပေါနဲ့ရနိင်သလို Scam ဆိုဒ်တွေလည်းများပါတယ်..VPS ဈေးနှုန်းကလည်းဈေးအမျိုးမျိုးရှိပါတယ်.လစဉ်ကြေးးး.5$ကနေ 20$အထိက
Normal VPSပဲရမှာပါ..ဈေးနှုန်းပေါတဲ့ VPSတွေဟာ လိုင်းမြန်ပေမယ့် အပြင်ကComputer လို အရည်အသွေးမကောင်းပါဘူးး ..ရုပ်ထွက်လည်းတော်တော်ညံ့ပါတယ်.
လစဉ်ကြေး 30$/50$ တန် VPSတွေကတော့ လိုင်းတော်တော်ကောင်းပြီးရုပ်ထွက်လည်း
တော်တော်ကောင်းပါတယ်...
ုမြန်မာ နိင်ငံကလူအများစုအတွက် လစဉ်ကြေး 30$/50$က
မတတ်နိင်ကြတော့ စိတ်တော့ မလျော့ပါနဲ့ Free VPSပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်..ဒါပေမယ့် Freeတွေကတော့ အရည်အသွေးး တော်တော် ညံ့ပါတယ်..သို့ပေမယ့်လည်း အရည်အသွေးကောင်းမွန်ပြီး အင်တာနက်လိုင်းမြန်တဲ့ Free VPSပေးတဲ့ ဆိုဒ်တွေ အများကြီးပါ...Thinkingလေးလုပ်ပြီး
Googleခေါက်ပြီး ရှာဖွေ လေ့လာတတ်ဖို့ပါပဲ ..
တစ်ချို့က Googleခေါက်ပြီး ရှာဖွေလေ့လာတဲ့သူတွေကို အရမ်းကို နှိမ်ချင်တဲ့သူတစ်ချို့ရှိပါတယ်..
ဟုတ်ကဲ့ ဘယ်သူမှ Googleခေါက်ပြီး ရှာတာနဲ့မကင်းပါဘူးး
ဘယ်သူမဆို အရမ်းလိုအပ်တဲ့ အချိန်မှာ googleကိုတော့ ခေါက်ပြီး ရှာဖွေ လေ့လာကြတာပါပဲ...
အဲ့လိုမှ မဟုတ်ပဲ googleမခေါက်ဖူးပဲ မွေးကတည်းက တတ်နေရင်တော့ မပြောတတ်ဘူးးး သေချာတယ် အဲ့လူ ရူးနေလို့ပဲ :-P .
VPSကို လူတိုင်းမသုံးတတ်ပါဘူးးး ..
VPSကိုလူနည်းစုလောက်ပဲ Computerမှာ သုံးဖူးကြတာပါ..VPSကို ဖုန်းမှာ သုံးဖူးတဲ့သူ နည်းပါတယ်..ဖုန်းမှာ VPSနဲ့ချိတ်ပြီး Computerတစ်လုံးလို သုံးဖို့ဆိုတာ လွယ်တဲ့ အလုပ်တော့မဟုတ်ပါ..ဒါပေမယ့် နည်းလမ်းသိရင် အရမ်းကိုလွယ်ကူပါတယ်..
VPSနဲ့သုံးတဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်သုံးနည်းမတူပါဘူးးး
VPSမှာ သုံးတဲ့ dataဖိုင်တွေဟာ VPSထဲမှာပဲရှိမှာပါ…
တစ်ချို့ကVPSသုံးပြီး data အချက်အလက်တွေကို ..
ကောင်းကောင်းမသိမ်းဆည်းတတ်ကြပါဘူးး..
ဥပမာ-VPSနဲ့ 1GB ဖိုင်ဆိုဒ်လောက်ကို 10MBဖိုင်ဆိုဒ်အရွှယ်အစား ဖြစ်အောင် ချုံ့ ပြီး ..Upload တွေ တင် .
အပြင်ဖုန်း/computerထဲကို Downloadတွေ ပြန်ဆွဲချသေးတာပဲ..
Gameခွေ ဝယ်ဖူးတဲ့သူတိုင်း သိမှာပါ ဆော့ဝဲကို ချုံ့ ထားတာကတော့ 10MBဖိုင်ဆိုဒ်လောက်ပဲ ရှိပါတယ်.ဆော့ဝဲဖိုင်ကိုပြန်ဖြည်လိုက်ရင် 2GB/3GB ဝန်းကျင်ဖိုင်ဆိုဒ်ကြီးတွေဖြစ်နေတာ
တွေ့ရပါလိမ့်မယ်.
ဘယ်အရာမဆို ကောင်းကောင်းအသုံးချတတ်ရင် အသုံးဝင်ပါတယ်...ကျွန်တော်ကတော့ အရေးကြီးတဲ့ dataအချက်အလက်တွေကိုVPSသုံးပြီး upload တင်ပါတယ်
လိုအပ်တဲ့အချိန်မှာလည်း VPSသုံးပြီး ပြန်downloadယူပါတယ်..
ကျွန်တော်လက်ရှိသုံးနေတဲ့ VPSအင်တာနက် Speedက
Upload Speed -732Mbps
Download Speed -812Mbps
.
=================================
*အရည်အသွေးမြင့် VPS အသုံးဝင်ပုံများ *
(1)မူရင်း အင်တာနက်လိုင်းထက် အဆမတန် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြု နိင်ခြင်း
(2)ဖုန်း/Tabletတွေမှာ Computer တစ်လုံးအဖြစ် အသုံးပြုနိင်ခြင်း
(3)Youtube Videoများကို အထစ်အငေါ့ မရှိပဲ
အသံကော ရုပ်ထွက်ပါ ကောင်းမြင်စွာအကန့်အသတ်မရှိ
ကြည့်ရှုနိင်ခြင်း (အင်တာနက်freeရသူများ,wifi freeရတဲ့သူများသာ youtubeကိုသုံးပါ.
အင်တာနက်freeမရတဲ့သူတွေကတော့ youtubeကိုမသုံးပဲ ကျန်တာတွေအကုန်သုံးပါ
ကုန်ကျငွေသက်သာပါတယ်)
(4)ငွေရှာ ဆိုဒ်တွေ မှာ ဖုန်းဘေ သက်သာစွာဖြင့် အသုံးပြုနိင်ခြင်း
(5)999diceဆိုဒ်/bitslerဆိုဒ် စတဲ့
ငွေရှာဆိုဒ်တွေမှာ 24နာရီအတွင်း auto bot runထားပြီး ငွေရှာနိင်ခြင်း
(6)web mining လုပ်ပြီးငွေရှာနိင်ခြင်း
(7)မူရင်းလိုင်းနည်းနည်း မိရုံဖြင့် upload speed-
732Mbps,download speed -812Mbps
နှင့်အထက် အင်တာနက် လိုင်းကို မြန်ဆန်စွာ
အသုံးပြုနိင်ခြင်း
(8)2GB/3GB ဖိုင်ဆိုဒ်များကို 1မီနစ်/2မီနစ်အတွင်း download/upload လုပ်နိင်ခြင်း
(9)မိမိ Locationကို ဖျောက်ပြီးး နိင်ငံရေး ပြုလုပ်နိင်ခြင်းးးး
(10)Online Gameများကို ဆော့ကစားနိင်ခြင်းးးးး
(11)ဖုန်းမှာComputer တစ်လုံးကဲ့သို့  အစုံကလိနိင်ခြင်းးး
.
=================================
*Free VPS သုံးမယ်ဆိုရင်
ဘာတွေအဓိကလိုအပ်လဲ ? *
Free VPS တွေ သုံးမယ်ဆိုရင် Master Card/Visa Cardဆောင်ထားပါ..Amazonမှာ 1 နှစ်စာ Freeလျှောက်မယ်ဆိုရင် Master Cardဖြစ်ဖြစ်Visa Cardဖြစ်ဖြစ် ရှိထားဖို့ လိုပါမယ်. Master Card/Visa Cardလုပ်ဖို့ Bankနဲ့ ဝေးနေတဲ့သူတွေအတွက်
Virtual Master Card အတုတွေ အကန့်အသတ်မရှိ အလွယ်တကူလုပ်လို့ ရမယ့်နည်းကိုလမ်းညွှန်ပေးပါ့မယ်…
virtual master card အတုလုပ်မယ်ဆိုရင် - www.advcash.com မှာ အကောင့်အရင်ဖွင့်ရပါ့မယ်..အကောင့်ဖွင့်တဲ့အချိန် Telenor Sim Cardကို သုံးပါ(Telenor Sim Cardတွေက တစ်ခါတစ်လေ မြန်မာipမပေါ်တာများပါတယ်)…
အကောင့်ဖွင့်တဲ့အချိန်MPT/MEC/OOREDOO Sim Card လုံးဝမသုံးပါနဲ့(မဖြစ်မနေသုံးရမယ်ဆိုရင်သုံးပါ)
တကယ်လို့  VPN တွေ သုံးခဲ့မယ်ဆိုရင်
USA/UK ip ကိုမသုံးပါနဲ့ Singapore ipကိုသုံးပါ.
Advcashဆိုဒ်မှာ virtual master card အတု လျှောက်တဲ့အခါ မြန်မာ ipပေါ်ရင် master cardလျှောက်ဖို့ အတွက် supportမလုပ်ပါဘူးး
မြန်မာနိင်ငံကလွှဲရင် ကျန်တဲ့ နိင်ငံအားလုံးကို supportလုပ်ပါတယ်.(မြန်မာနိင်ငံကို အဲ့လောက်ထိ အသိအမှတ်မပြုတာ ရှိပါစေတော့ :-p ).Advcashအကောင့်ဖွင့်ပြီးရင် အကောင့်ထဲကို 5ဒေါ်လာထည့်ရပါ့မယ်.
5ဒေါ်လာကို Perfect Moneyအကောင့်/Coinbaseအကောင့်ကနေ ငွေဖြည့်လို့ရပါတယ်
အကောင့်ထဲ 5ဒေါ်လာဖြည့်ပြီးမှ Virtual Master Cardအတုလျှောက်လို့ ရပါ့မယ်. Virtual Master Cardလျှောက်ခက 1ဒေါ်လာပါ.Virtual Master Cardလျှောက်ပြီးရင် Cardထဲကို ကျန်တဲ့ 4ဒေါ်လာကိုဖြည့်ပါ..Cardထဲ ငွေဖြည့်မယ်ဆိုရင် Feeက 1 ဒေါ်လာဖြတ်ပါတယ်..ဒါ့ကြောင့် cardထဲကို 3ဒေါ်လာ ရောက်သွားမှာပါ.
onlineမှာငွေရှာတဲ့သူတိုင်း Perfect Moneyအကောင့်/Coinbaseအကောင့်တွေကို သုံးတတ်မှာပါ..Perfect Moneyအကောင့်/Coinbaseအကောင့်မသုံးတတ်တဲ့သူတွေက ကျွန်တော့်ဆိုဒ် http://www.mmfreemoney.tk မှာလေ့လာနိင်ပါတယ်..
Perfect Moneyအကောင့်/Coinbaseအကောင့်တွေလေ့လာပြီး နားမလည်သေးဘူးဆိုရင် အလွယ်ဆုံးနည်းပြောပြပါ့မယ်.CB Bankမှာ Master Cardဖြစ်ဖြစ်/Visa Card ဖြစ်ဖြစ်လုပ်ပါ.Card လုပ်တာ 8000ksကျပါတယ်.ပြီးရင် Cardထဲကို အနည်းဆုံး ဒေါ်လာ20ဖြည့်ပြီး ဒေါ်လာ20 လက်ကျန်ထားရပါတယ်.ဒါ့ကြောင့် cardထဲကို 25ဒေါ်လာဖြည့်ပါ. ပြီးရင် aws.amazon.com မှာ 1နှစ်စာ Free VPS သုံးဖို့ အတွက် အကောင့်ဖွင့်ပါ.Amazonမှာ အကောင့်ဖွင့်တဲ့အခါ stepတွေ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ရပါတယ်.
(1)အကောင့် အချက်အလက်တွေဖြည့်ရပါတယ်
(2)Master Card/Visa Cardနဲ့ချိတ်ရပါတယ်.Cardထဲကနေ 1ဒေါ်လာဖြတ်သွားပါလိမ့်မယ်.
(3)Amazonမှ မိမိဆီဖုန်းဆက်လာပြီး PIN 4လုံးကို ပြောခိုင်းပါလိမ့်မယ်.
(4)Stepတွေလုပ်တာပြီးသွားရင် အကောင့်Confirmဖြစ်ဖို့ 24နာရီစောင့်ရပါတယ်.
(5)24နာရီပြည့်တာနဲ့ 1 နှစ်စာ Free VPSကိုစတင်ဖန်တီးလို့ ရပါပြီ.
>> Virtual Master Cardအတုလုပ်ရန်ဆိုဒ် <<
www.advcash.com
>>Virtual Master Cardအတုလုပ်နည်းvideo<<
https://youtu.be/Do_Y4Pu5kY4
>> 1နစ်စာ Free VPS လုပ်ရန်ဆိုဒ် <<
aws.amazon.com
>>1နစ်စာFree VPSလုပ်နည်း/VPSသုံးနည်း
video <<
https://youtu.be/6WPGcoeotM4
.
=================================
*ဖုန်းမှာ VPSသုံးပြီး Computer တစ်လုံးအဖြစ် အသုံးပြုမည်ဆိုလျှင် *
(1) ဖုန်းမှာ VPSကိုချိတ်ပြီး Computerအဖြစ် အသုံးပြုလို့ရမယ့် ကြားခံ ဆော့ဝဲတွေကို ဒေါင်းထားပါ
(2)Free VPS(or) ဈေးနှုန်း အသင့်အတင့် VPSတစ်ခုကို ဖန်တီးပါ..
(3)လက်ရှိအနေအထားအရ လိုင်းနေးသောwifiကို
freeရတဲ့သူများး,wifiကိုဖောက်ပြီးခိုးသုံးနေတဲ့သူများး.ညဇီးကွက်သုံးနေတဲ့သူများ,ooredoo
2ဆplanနဲ့သုံးနေတဲ့သူများအတွက်တော်တော်
အဆင်ပြေပါတယ်...
(4)How to create Free VPS from USA ဆိုပြီးGoogleမှာ Free VPS သုံးနည်းတွေ လေ့လာပါ.
ဖုန်းမှာ VPSသုံးနည်း video
https://youtu.be/fRsaymrHn0w
(OR)
https://youtu.be/ywyVoTo3N-w
.
=================================
*Free VPS List *
1. cloudshare.com
(Provides 14 days free trails but VPS
has no internet connection.)
2. eurobyte.ru
(14 days free trial )
3. east1.openhosting.com/accounts/trial
(5 days free trial )
4. elastichosts.com/cloud-hosting
(5 days free trial )
5. cloudsigma.com
(7 days free trial )
6. vexxhost.com/trial
(7 days free trial )
7. desktone.com/free_trial
( 7 days free trial )
8. atum.com
(15 days free trial)
9. cloudee.eu/preorder
(6 days free trial )
10. rsaweb.co.za/cloud-servers-free-trial
( 7 days free trial )
For even more free VPS trials you can see following websites, but you will need credit card/virtual credit card to order free trial. You don't have to pay for free trial.(Master Cardဖြင့် လျှောက်ရန်)
1. aws.amazon.com
( for 1 year free )
2. chunkhost.com
(14 days free trial )
3. triple8.net/vps.htm
(7 days free trial )
4. zunicore.com
( 14 days free trial )
5. instantappz.com
(7 days free trial )
.
=================================
*ဖုန်း/Tablet တွင် Window 7တင်နည်း*
(လိုအပ်ချက်များ)
(1)Android Tablet or Phone
1.CPU - 1.2GHz
2.RAM- 1GB
3.STORAGE -8GB
4.SCREEN - 5" or 7"
(2)USB Cable ကြိုးတစ်ချောင်း
(3)Computerတွင် Change My Software 7 Edition ဆော့ဝဲ သွင်းထားရန်
(4)အင်တာနက်လိုင်း (ဖုန်းမှာ window7တင်တာ2GBကျော်ကုန်ပါတယ်.အင်တာနက်လိုင်းမြန်ဖို့ လိုပါတယ်.)
(5)ကြာချိန် 15မီနစ်/30မီနစ် ဝန်းကျင်
>>> ဖုန်း/Tablet တွင် Window 7တင်နည်းvideo <<<
https://youtu.be/o5dPyXzT-I4
.
=================================
*What is Virtual Private Server (VPS) *
Virtual Private Server (VPS) ဆိုသည်မှာ Virtualisation ပြုလုပ်ထားသော Server ၏ တစ်စိတ်တစ်ပိုင်းတွင် ကိုယ်ပိုင်သီးသန့် Operating System (OS) install ပြုလုပ်ကာ web based application အကြီးစားများ host လုပ်ရန်အတွက်ဖြစ်ပါသည်။ သီးခြားသတ်မှက်ထားသော RAM ၊ သီးခြားသတ်မှက်ထားသော Disk Space များ ၊ Full Root Access များ ၊ Independently Reboot ပြုလုပ်နိုင်ခြင်း အစရှိသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
(အသေးစိတ် သိချင်ရင် ပေးထားတဲ့ဆိုဒ်မှာ အသေးစိတ်သွားလေ့လာပါ..)
http://www.shwehosting.com/VPS-hosting/
(ထပ်ပြီး အသေးစိတ် သိချင်ရင် )
https://www.youtube.com/watch?v=FP53XSnwGLM&nohtml5=False
ဒီလောက်ဆို အကြမ်းမျဉ်းနားလည်မယ် ထင်ပါတယ်...
လမ်းကြောင်းကို အကြမ်းမျဉ်း လမ်းညွှန်ထားပြီးပြီဆိုတော့ ကျွမ်းကျင်အောင်
ဆက်ပြီးလေ့လာနိင်မယ်လို့လည်း ထင်ပါတယ်...
chatboxမှာ လာမေးတဲ့သူတွေ အရမ်းများလို့ replyမပြန်နိင်ခဲ့ရင်လည်း စိတ်မဆိုးကြပါနဲ့လို့ 
ကြိုပြောထားပါရစေ…
( မှတ်ချက်-ပြောပြမှသိပြီး ဖောင်းပြန်ထုမယ့်ဆာချီးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့  ခု postမှာတင်ထားတဲ့ ပုံတွေအတိုင်း ရုပ်ထွက်ကောင်း/အရည်အသွေးမြင့်ပြီး အင်တာနက်လိုင်းအရမ်းမြန်တဲ့ Free VPS တစ်ချို့ကိုတော့ မပြောပြပဲ ဆရာစားချန်ထားပါတယ်.
နည်းပညာစိတ်ဝင်စားသူများအချိန်မရွှေးပြန်ရှာလို့ ရအောင် ခုpostကို share လုပ်ထားနိင်ပါတယ်…)
Crd- Chit Moe Paing
Comments
Post a Comment